ကဲ..Symbian သုံးသူများ မင်္ဂလာသတင်းပါဗျာ။ Symbianmyanmar v2.0 ကို ဒီနေ့ပဲ ကိုအောင်နိုင်ဦးက လက်စွမ်းပြ လိုက်ပြန်ပါပြီ။ ဒီတစ်ခါတော့ ဘာတွေထူးလာ သလဲဆိုရင် ဖုန်းမှာပါတဲ့နေရာ တော်တော် များများ ကို မြန်မာလို ပြောင်းလဲ ထားပါတယ်။ အဓိကတော့ Number Mode တွေပေါ့ဗျာ။ အောက်ကပုံမှာ ကြည့်လို့ရပါ တယ်။ မြန်မာစာကိုတော့ ရိုက်လို့ရဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Number Mode တွေကိုတော့ မြန်မာလိုရိုက်လို့ရ ပါတယ်။ မြန်မာ ကီးဘုတ်အတွက်ကတော့ Version 3 မှာ ပါလာမယ် ဆိုတာကြိုပြီး သတင်းကောင်း ပေးထားပါရ စေ။
အဲဒီမှာ ဒေါင်းလုပ်ဆွဲလို့ရပါတယ်။ ကိုအောင်နိုင်ဦးရဲ့ သဘောထားအမြင်များကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်မှာ ပါ။ တကယ်လို့ Download အခက်အခဲရှိတယ်ဆိုရင် ကျွန်တော့်ဆီကို မေးလ်ပို့လိုက်ပါ။ ကျွန်တော် မေးလ်ကနေ ပို့ပေးပါ မယ်။ ကိုအောင်နိုင်ဦးရဲ့ ပို့စ်ကိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြဖို့တိုက်တွန်းချင်ပါတယ်။
http://www.ipmart-forum.com/showthread.php?p=3041918#post3041918
အဲဒီမှာ ဒေါင်းလုပ်ဆွဲလို့ရပါတယ်။ ကိုအောင်နိုင်ဦးရဲ့ သဘောထားအမြင်များကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်မှာ ပါ။ တကယ်လို့ Download အခက်အခဲရှိတယ်ဆိုရင် ကျွန်တော့်ဆီကို မေးလ်ပို့လိုက်ပါ။ ကျွန်တော် မေးလ်ကနေ ပို့ပေးပါ မယ်။ ကိုအောင်နိုင်ဦးရဲ့ ပို့စ်ကိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြဖို့တိုက်တွန်းချင်ပါတယ်။

ကျွန်တော်လည်း သွင်းထားပြီးပါပြီ။ ဆိုတော့ ကျွန်တော့်အမြင်ကို ပြောရရင် Font Router နဲ့ ဒီအတိုင်းသုံးနေ တာထက်စာရင် အပုံကြီးသာပါတယ်။ ဖုန်းထဲမှာ မြန်မာလိုမြင်နေရတာကိုက စိတ်ချမ်းသာပါတယ်။ တစ်ခုပါပဲ။ အင်တာနက်ပေါ်က မြန်မာစာတွေကို အနည်းငယ်ထပ်ပြီးမြင်ရပါလိမ့်မယ်။ ဒီပြဿနာကတော့ မြန်မာစာ ယူနီ ကုတ်ပြဿနာနဲ့သက်ဆိုင်နေတုန်းပါပဲ။ နောက်ပိုင်းဗားရှင်းတွေမှာ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်။ Symbian အတွက် အောင်မြင်မှုတစ်ခုဖြစ်လို့ ကျေးဇူးတင်ရမှာက ကိုအောင်နိုင်ဦးကိုဖြစ်ပါတယ်။
Install လုပ်တဲ့အခါမှာ ကိုအောင်နိုင်ဦးရဲ့နည်းအတိုင်းလုပ်ချင်ရင်လည်း ရပါတယ်။ ကျွန်တော်လုပ်တာကတော့ ပိုပြီးအလွယ်လမ်းဖြစ်ပါတယ်။ http://cer.opda.cn/ မှာအရင်ဆုံး Singed လုပ်ပြီးဖုန်းကိုသွင်းလိုက်ပါတယ်။ ဒါပါပဲ။ ကျွန်တော့်လို Font Router သုံးစွဲနေသူများအနေဖြင့် Font Router ကိုဖြုတ်ပြီးမှ သွင်းလို့ရပါလိမ့်မယ်။ Symbianmyanmar v2.0 ဟာ အဲဒီကောင်ရှိရင် အင်စတောမလုပ်ပါဘူး။ http://cer.opda.cn/ မှာ signed လုပ်တာမသိရင် ကျွန်တော်ရေးထားတာရှိတယ်။ အဲဒီမှာ ပြန်ဖတ်ကြည့်ပါ။ Hellooex ကို သွင်းစရာမလိုပါ။ မရှင်းတာရှိရင်ပြန်မေးနိုင်ပါတယ်။ လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ သည်းခံပြီး ကြံကို အဖျားကစုပ်သလို စုပ်ကြပါစို့ဗျာ။
လူတိုင်းသုံးနိုင်ပါတယ်။ Hacker ကို သူခိုးထင်သူများလည်း ယူငင်သုံးစွဲနိုင်ပါတယ်။ ဒီဟာလည်း Nokia Company ရဲ့အကျိုးစီးပွားကို ကပျက်ကချော်လုပ်ထားလို့ပါ။
Congratulations ! Ko Aung Naing Oo
မူရင်းလင့် : http://blogger-mgmoe.blogspot.com/search/label/%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94%20%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AD%E1%80%AF%E1%80%B8 မှ ကူးယူဖော်ပြပါသည်။




0 comments:
Post a Comment