ကျွန်တော့်မှာရှိတဲ့ Noki N97 မှာ မြန်မာစာ ဖတ်လို့မရ သေးဘူးဗျာ။ အဲဒါနဲ့ ဘယ်လိုလုပ်ရင် ရမလဲဆိုပြီး ဖိုရမ် တွေ၊ ဘလော့ဂ်တွေ၊ နည်းပညာ ဆိုက်တွေကို လှည့်ပတ်ရှာတာပေါ့။ မတွေ့ဘူးဗျာ။ တစ်ခြား iPhone, iTouch နဲ့ Window mobile တွေအတွက်ပဲ ဇော်ဂျီကိုထည့်လို့ ရတယ်ဆိုတာ သွားတွေ့တယ်။ သိပ်တော့ အစာမကျေဘူး ပေါ့ဗျာ။ အဲဒါနဲ့ ဆက်ပြီး ရှာဖွေတော် ပုံဖွင့်လိုက်တော့ နည်းလမ်းတစ်ခု သွားတွေ့တယ်။ ဒါပေမဲ့ ပွဲတွေ့မီးသေဆေး မဟုတ်ဘူး။ HIV ကိုကုနေတဲ့ တိုင်းရင်း ဆေးဆရာကြီး လိုပေါ့ဗျာ။ လူနာရှင်ရဲ့ ကံဇာတာ ကိုလည်း တွက်ချက်ပြီးမှ ပျောက်မယ် မပျောက်ဘူး ပြောထားတယ်လေ။
သူ့ဆေးနည်းက ဒီလိုဗျ။ Nokia တွေအတွက်ပါတဲ့။
၁။ ခင်ဗျားဖုန်းမှာ ပေါ်စေချင်တဲ့ဖောင့်ကို ဖုန်းကသိအောင် နာမည် ၄ မျိုးပေးရမယ်။ ဥပမာ- ဇော်ဂျီဖောင့်ကို သွင်းချင်ရင် မူလဇော်ဂျီဖောင့်ကို နာမည် ၄ မျိုးပြောင်းပေးရမယ်။
(က) s60snr.ttf
(ခ) s60ssb.ttf
(ဂ) s60tsb.ttf
(ဃ) S60ZDIGI.ttf
အဲဒါနဲ့ ကျွန်တော်က ဇော်ဂျီဖောင့်ကို ၄ ခုပွားပြီး တစ်ခုစီကို အပေါ်က နာမည်တွေအတိုင်း ၄ မျိုးပေးလိုက်တယ်။
၂။ ဖုန်းကို Bluetooth မဟုတ်ရင် USB Cable ကိုသုံးပြီး ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။
၃။ ပြီးရင် (E:\Resource\Fonts) ကိုသွားလိုက်ပါ။ (ကျွန်တော့်မှာတော့ Mass Storage ကနေပြီး သွားလိုက်တယ်။ Resource ကိုတွေ့ပေမယ့် Fonts ကိုမတွေ့ဘူး။)
၎။ ပြီးရင် Fonts ထဲကို ခုနက နာမည် ၄ မျိုးပေးထားတဲ့ ဖောင့်တွေ အားလုံးသွင်းလိုက်ပါ။
၅။ ဖုန်းကို Restart ချပြီး ပြန်ဖွင့်လိုက်ပါ။ အဲဒါဆိုရင် မြန်မာဖောင့် တွေကို မြင်ရပါပြီတဲ့။
အဲဒါပဲဗျာ။
မူရင်းလင့် : http://blogger-mgmoe.blogspot.com/search/label/%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94%20%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AD%E1%80%AF%E1%80%B8 မှ ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment