မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး launch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။
MMKeyboard ကို မနေ့က 15 ရက် November ကစပြီး App Store မှာစဖြန့်ပါတယ်။ wOOty Lab ကနေလုပ်တယ်လို့ Splash screen မှာတွေ့ရပါတယ်။ ရောင်းဈေးက 0.99$ (1 US$) နဲ့ ရောင်းပါတယ်။ မြန်မာစာ keyboard ဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ လက်ကွက်များက desktop keyboard အတိုင်းဖြစ်လို့ မြန်မာစာရိုက်တတ်သူတိုင်း 1 မိနစ်လောက်အတွင်း အကျွမ်းတဝင်ဖြစ်သွားမှာပါ။ jailbreak လုပ်စရာမလိုတဲ့အပြင် အခြား mail, facebook app တွေက မမြင်ရတဲ့ မြန်မာစာကိုပါ copy ကူးပြီး ဒီ MMKeyboard app ထဲမှာ paste လုပ်ပြီး ဖတ်နို်ပါတယ်။ အရင်ကဆို ကျွန်တော် မြန်မာစာဖတ်ချင်ရင် copy ကူးပြီး font embed လုပ်ထားတဲ့ ကျွန်တော့ blog comment form မှာ paste လုပ်ကြည့် ယူရပါတယ်။ ဒါမှမဟုတ် offline မှာဆို ကိုထွန်းသူရသက်ုလုပ်ထားတဲ့ iMyanmar App က browser URL ဘားမှာ paste လုပ်ဖတ်ရတာပါ အခုကတော့ အဆင်ပြေသွားတဲ့ အပြင်စာပိုဒ် အရှည်တွေပါအလွယ်တကူ ဖတ်လို့ရသွားပါတယ်။
လက်ရှိမှာ version 1.0 ဖြစ်ပြီး လိုအပ်ချက်တစ်ချို့ရှိပါသေးတယ်။ နောက် version update တွေကျရင်တော့ update လုပ်ပြီးပြင်သွားမှာပါ။ လက်ရှိမှာ မြန်မာ ဂဏန်းတွေရေးလို့ မရသေးပါဘူး၊ နောက်အခြား မြန်မာစာ နှစ်ထပ်ဆင့်တွေ မရသေးပါဘူး။ keyboard typing sound သံက noise သံပါနေပြီး စာရိုက်တာမြန်ရင် interactive မဖြစ်တော့ပါဘူး။နောက်တစ်ခုက iPod music player ဖွင့်ထားပြီး စာရိုက်မယ်ဆို app ထဲဝင်ပြီး မြန်မာစာရိုက်လိုက်တာနဲ့ သီချင်းပိတ်သွားမှာပါ။ မဖြစ်ချင်ရင် app စဝင်ကတည်းက setting မှာ sound off လုပ်ထားရပါမယ်။ နောက်မြန်မာစာရိုက်နေတုန်း မှားလို့  backspace ဖျက်ချင်ရင်ဖြစ်ဖြစ်၊ နောက် တစ်ပိုဒ် enter ဆင်းချင်ရင် English keyboard ကို ပြန်ပြောင်းယူရတာ နဲနဲခက်ပါတယ်။ app က resume (Multitasking ready) မဖြစ်သေးတဲ့ အတွက် ဖုန်းဝင်လာလို့ ဖြစ်စေ၊ ထွက်ပြီးပြန်ဝင်ရင် နဂို ရိုက်လက်စ စာတွေပျောက်ကုန်ပါတယ်။ Setting ထဲက sound off ကလဲ save မလုပ်သေးပါဘူး။ စာနဲနဲရိုက် ပြီးတိုင်း copy လုပ်ပြီး back up ယူထားသင့်ပါတယ်။ နောက် update မှာပြင်ပြီးသား ဖြစ်သွားမှာပါ။
MMKeyboard မှာ ရိက်ပြီးသားစာကို in app email ပို့လို့ရတာတော်တော် အသုံးဝင်ပါတယ်။ နောက်ဒီ app နဲ့ပဲ အလုပ်သွားရင်း ရထားပေါ်မှာ ဖြစ်ဖြစ် သတင်းတွေ၊ facebook, email messages တွေဖတ်လို့ ရသလို reply ပြန်လို့ ရနိုင်ပါတယ်။ WordPress app တွေနဲ့ mobile blogging လုပ်လို့ ရလာနိုင်ပါတယ်၊ အခုတောင်စာကို ကျွန်တော် MMKeyboard သုံးပြီး iPad မှာ ရေးထားတာပါ။ MMKeyboard ဟာ မြန်မာစာ ဖတ်လိုသူတွေ ရေးလိုသူတွေ အတွက် ဝယ်ထားသင့်တဲ့ app တစ်ခုဖြစ်တယ်လို့ ညွှန်းပါရစေ။ ကျေးဇူးပါ။
မူရင်းလင့် : http://www.htootayzar.com/myblog/2010/11/mmkeyboard-myanmar-sar-keyboard-for-iphone-ipad/ မှ ကူးယူဖော်ပြပါသည်။




0 comments:
Post a Comment